သာယာဝတီမြို့နယ်၌ လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေး ကြေငြာ

သာယာဝတီ  ဇန်နဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများတွင် အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန် ချက်အား အသိပေးကြေငြာခြင်းကို ယမန်နေ့ ည ၇ နာရီက မြို့ပေါ် ရပ်ကွက်များတွင် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့နှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ် လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သတ် ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်း တီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန် ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။

ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရန် အောက်ပါအတိုင်း သတင်းထုတ်ပြန် ထားပါသည်။ အကြမ်းဖက်အုပ်စုအဖြေစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။ ပြည်သူ များအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါလုပ် ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောင့် အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂/ က၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ ထို့ပြင်ပြစ်မှုနှင့် သက်ဆိုင် သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံ ရနိုင်ပြီးပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ နိုင်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ် ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သန့်ဇော်