ဘုတ်ပြင်း ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက ဘုတ်ပြင်းမြို့တွင် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့မဈေးအတွင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိသည့် ဈေးသူ၊ ဈေးသား များအား ပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်ပါလက်ကမ်းစာစောင်များ အား ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းချသူများအားသိရှိကြောင်း ဝန်ခံလက်မှတ်ရေးထိုးစေခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ တို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် အောင်မင်္ဂလာရပ်ကွက် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများသို့ လှည်လည်၍ တစ်ဆိုင်ဝင်တစ်ဆိုင် ထွက် လိုက်လံအသိပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေးရာတွင် တပ်မတော်မှ အာဏာခေတ္တထိန်းသိမ်းသည့် တစ်နှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် Silent Strike (အသံတိတ်သပိတ်) ပြုလုပ်သည့်အနေဖြင့် ဈေးဆိုင်များပိတ်ခြင်းမပြုလုပ်ကြရန်၊အသံထွက်သပိတ်မပြုလုပ်ကြရန်၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့်ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ဆက်နွယ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထု အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ် လျက်ရှိကြောင်း ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှုဝါဒ ဖြန့်မှုများအပေါ် မသိနားမ လည် ၍ ဖြစ်စေကြောက်ရွံ့၍ ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်း အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အနှောက်အယှက်ဖြစ်စေမည့်ပြုလုပ်မှု များပြုလုပ် ခြင်းလှုံ့ဆော်ဝါဒဖြန့်မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ရာဇသတ်သတ်ကြီးဥပဒေနှင့် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေများဖြင့် အရေးယူပြီးပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း လိုက်လံအသိ ပညာပေး ဟောပြောခြင်းအား လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)