ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ဘုတ်ပြင်း   ဇန်နဝါရီ   ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အထက-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြ ပြီး  စာစီစာကုံးပြိုင်ပွဲတွင် '' ရှေ့ရှုနွဲပျော်စိန်ရတုပြည်ထောင်စုပွဲတော်'' ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ ( ၄ )ဦး ၊ ကဗျာပြိုင်ပွဲတွင် '' စည်းလုံးခြင်းခွန်းအားပြည်ထောင်စုနှလုံးသား'' ခေါင်းစဉ် ဖြင့် ကျောင်းသားကျောင်းသူ(၉)ဦး ၊ ပန်းချီပြိုင်ပွဲတွင် ''ပြည်ထောင်စုမြေ အလှဝေ'' ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၉)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)