ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ငလျှင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် 

ဇလွန်      ဇန်နဝါရီ      ၂၇ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင်ငလျှင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါကထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်တွင်မီးသတ်ဦးစီးဌာနရုံးတွင်ငလျှင်ဘေးအန္တရာယ်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

 

ငလျှင်ဘေးအန္တရာယ်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်ရာတွင် ငလျှင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် နည်းလမ်းများ ငလျှင်လှုပ်နေစဥ်နေထိုင်ရမည့်နည်းလမ်းများ  ငလျှင်လှုပ်ပြီးနောက်ပြုလုပ်ရမည့်အချက်များ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများ ၊ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးအရာရှိဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

 

ဝေယံ