ဘူးသီးတောင်မြို့၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်

ဘူးသီးတောင် ဇန်နာဝါရီ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးဆန်းဝင် ဦးဆောင်၍ အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (ဒုတိယအကြိမ်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီအချိန်က ဘူးသီးတောင်မြို့ က ကျဘက်ကံပြင်ရေချို ငါးသားဖောက်စခန်း၌ ကိုဗစ်-၁၉ ညွန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်က၌ အခြေခံငါး မွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (ဒုတိယအကြိမ်) သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းဆရာများဖြစ်သည့် စခန်းတာဝန်ခံ ဦးကျော်လင်းထွန်း ဦးကျော်ဝင်းအောင် (ဒု /) ဦးစီးမှူး တို့က GAqp ကျင့်စဥ်အတိုင်းမွေးမြူရာတွင် လိုက်နာရမည့် အခြေခံမူ ()ရပ်ကို ခေါင်းစဉ်တစ်ခုချင်းအလိုက် သင်ကြားပို့ချသည်။

သင်တန်းတွင် သင်တန်းသား (၂၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာဇန်နာဝါရီလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ () ရက် ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။

ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖုံလှုံစေရန် ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ကြောင့်မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းထံမှ သိရသည်။

 လှကျော်( ပြန်/ဆက်)