မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့်ဆောင်းပါး ပြိုင်ပွဲကျင်းပ

 

မိုးကောင်း      ဇန်နဝါရီ        ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကို အထက(၂)ကျောင်း ရတနာခန်းမ၌ ဇန်နဝါရီ ၂၇ ရက်နံနက်(၉)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် မိုးကောင်းမြို့နယ် ကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် စာစီစာကုံး ကို ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၃၀)ဦးတို့က ပြည်ထောင်စု၏အမြူတေပင်လုံမြေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးကို ကျောင်းသူ(၂)ဦးတို့က ညီနောင်လက်တွဲ ပြည်ထောင်စုလက်စွဲ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖြေဆိုကြောင်း သိရသည်။

သန်းလွင်ဦး