(၇၅)နှစ်မြာက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုဖလား အသက်(၃၀)နှစ် အထက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
Jan 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီ နာယကမှ ဦးစီးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ်၊ ပြည်ထောင်စုဖလား အသက်(၃၀)နှစ်အထက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မူဆယ်ပြည်ထောင်စု အကစားကွင်းကြီးတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။ ရှေးဦးစွာ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီနာယက၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ဒေသတွင်းအားကစားသမားများ၏ ချစ်ကြည်ရင်းနှီးမှု၊ မိမိကိုယ်စားပြုအသင်း များ၏ ဂုဏ်ကို ဖော်ဆောင်နိုင်မှုများဖြင့် မြို့နယ်မှတစ်ဆင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ အားကစားအဆင့်အတန်း အမြဲတိုးတက်နေအောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာ စကား ပြောကြားပြီးနောက် စစ်ကြောင်းမှူးမှ အလေးပြုချီတက်ခြင်းဖြင့် ဦးဆောင်၍ ဘောလုံး အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြသည်။