ကျောက်ဆည် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင် ကြားပေးလျက်ကြောင်း သိရှိရသည်။
သင်တန်းတွင် ကျောက်ဆည်ခရိုင်စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်မြင့်စိုးနှင့် ဦးစီးအရာရှိ ဒေါ်အေးမျိုးမြတ်တို့က အသုံးစရိတ်သုံးစွဲရာတွင် လိုအပ်ချက်များ၊ အသုံးစရိတ်ပြေစာများ ပြုစုခြင်းနည်းစနစ်၊ ချက်လက်မှတ်သုံးစွဲနည်း၊ ဌစစာရင်းရေးသွင်းနည်း၊ ရသစ-၆ရေးဆွဲနည်း၊ ငွေစာရင်း ခေါင်းစဉ်မှန်ကန်စွာသုံးစွဲရေး စသည့်အကြောင်းများကို သင်ကြားပေးသွားမည်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဆည်ခရိုင်ရုံးနှင့် စဉ်ကိုင်၊ မြစ်သား၊ တံတားဦး မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း(၁၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကို ဇန်နဝါရီ(၂၈)ရက်မှ (၃၀) ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)