သံတောင်ကြီး ဇန်နဝါရီ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူး သိစေရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဖေမြင့်၏ အပြောင်မြောက်ဆုံး ဘဝတစ်ခုကို တည်ဆောက်ခြင်း စာအုပ်အား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က သံတောင်ကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုပ်သံ-၃ နော်ဝုတ်စတီးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး Youth Club အဖွဲ့ဝင် ဦးစိုးခိုင်က တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိတယ်၊ လက်တွေ့ကျစိတ်ကူးယဉ်သမားများ အခွင့်အရေးဆိုင်ရာ အကြောင်းအရာများအား ဖတ်ကြားဆွေး နွေးခဲ့သည်။
ဆက်လက်ပြီး Youth Club အဖွဲ့ဝင် နော်ဂေးဂေက ကျားကုတ်ကျားခဲစိတ်ဓါတ်၊ ပြတ်ပြတ် သားသားဆုံးဖြတ်နိုင်သည့် အခွင့်အလားအလာများစသည့် အကြောင်းအရာ များ ဖတ်ကြားဆွေးနွေး ပြီး Book Club အဖွဲ့ဝင်နော်အေးမြက အကောင်းဆုံးထက် ပိုကောင်းအောင်နေရမည်၊ အောင်မြင်ရမည် ဟူသော စိတ်ဓါတ်၊ အလုပ်ကို မကြောက်သောစိတ်၊ မိမိကိုယ်ကို ထိန်းသိမ်းခြင်း စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် Book Club/ Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ