မချမ်းဘော့မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား Physical Fitness Dance အစီအစဉ် ရိုက်ကူးတင်ဆက်
Jan 28,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တင်ဆက်ခဲ့ကြောင်း သိရသည်။