နောင်ချိုမြို့နယ်၌ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့  အလှူငွေနှင့် နေ့လယ်စာ အာဟာရ လှူဒါန်း

နောင်ချို     ဒီဇင်ဘာ    ၁၃  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် နေ့လယ်စာ အာဟာရနှင့် သံဃာတော်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကို နေ့လယ်စာ ဆွမ်းအာဟာရများကို ယမန်နေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။

သဖန်းကိုင်း ပရဟိတ လူမှုကူညီရေအသင်း ကုသရေးစင်တာတွင် ပိုးတွေ့လူနာများ၏ ကျန်းမာရေး ကိစ္စများကို ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့၏ အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံသမားတော် (၁)ဦး၊ ဆရာဝန်(၁)ဦး၊ သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေး လျက်ရှိကြောင်း၊ လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်ချက် များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင် အခြားကျန်းမာရေး ကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းထံမှ သိရသည်။

 ထွေးငယ်၊ (ပြန်/ဆက်)