ပြင်ဦးလွင် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစောင်များ ဆက်လက်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ဆယ်နာရီခွဲအချိန်မှစတင်၍ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ပြင်ဦးလွင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ၊ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများ ပူးပေါင်းကာ ရပ်ကွက်ကြီး (၁၇)၊ အနီးစခန်း၊ မြို့အဝင်ကျောက်တောင်နှင့် မန္တလေး-လားရှိုး လမ်းမကြီး တစ်လျှောက်တို့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ မှုလအခွင့် အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှု ရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူအသက် (၁၆) နှစ်နှင့် (၁၈)နှစ်အကြား၊ အသက် (၁၈ )နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်း မရှိသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများကိုမိမိဝန်ကြီးဌာန၏ ဥပဒေ၊နည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီပန်းခင်းစီမံချက်ဖြင့် (၃- ၅- ၂၀၂၁)ရက်နေ့မှ ( ၃ - ၁၁ -၂၀၂၂ ) ရက်နေ့အထိ စီမံချက်ကာလ သတ်မှတ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း LED အသိပညာပေးမော်တော်ယာဉ်ဖြင့် တိုက်တွန်းနှိုးဆော် အသိပညာပေးခြင်းနှင့်“နိုင်ငံသားကတ် မှတ်ပုံတင် ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေးစသည့် လူမှုစီးပွားရေးဘဝမြှင့်တင် နိုင်မည်ဖြစ်ပါသည်” မိဘပြည်သူများအနေဖြင့် နိုင်ငံသားကတ်ပြား ပြုလုပ်ရာတွင် နိုင်ငံတော်မှ ဖြည့်ဆည်းပေးသည့်အတွက် အကုန်အကျခံရန် မလိုအပ်ပဲ ဆောင်ရွက် ပေးလျက်ရှိပါသည်စသည့် အကြောင်းအရာများပါဝင်သည့် ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြည်သူများထံသို့ဆက်လက် ဖြန့်ဝေပေးလျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)