ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

မံစီ ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center  ခန်းမ၌ ယမန်နေ့နေ့လယ် ၁၂ နာရီခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk  Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk  Show ဆွေးနွေးပွဲကို ပြည်သူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာ များကို သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာများမှတဆင့် ထုတ်လွင့် သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်နန်းခိုင်ကပြော ကြားသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးဒါန်အောင်က ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေးဆိုင်ရာအခွင့်အရေးများ မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများနှင့် ကလေးသူငယ် များ သိရှိထားသင့်သည့် ဥပဒေအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)