လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူ့လက်ဝယ်အရောက် ပေးအပ်

လှိုင်သာယာ(အနောက်ပိုင်း)  ဒီဇင်ဘာ  ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ "ပန်းခင်း" စီမံချက်ဖြင့် အမှတ်(၁၀) ရပ်ကွက်သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမှတ်(၁၀)ရပ်ကွက်တွင် “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ဖြည့်သွင်းခြင်း၊ အသစ်ပြု လုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး ပျက်စီးများကို လဲလှယ်ပေးခြင်းတို့ကို တိုက်နယ်မှူး ဦးသူရ‌အောင် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို မြို့နယ်ဦးစီးမှူး ဦးကိုကိုက သွားရောက် ကြည့်စစ်ဆေးပြီး ပြည်သူ(၁၀၀)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)