သတင်းများ

နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့အကြောင်း Talk Show ဆွေးနွေး ပွဲပြုလုပ်
Nov 15,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြု ဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Nov 15,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍ တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဦးတည်အုပ်စုများဖြင့် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ မြဧရာခန်းမတွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်ကလမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံ
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပန်ဆောင်မြို့အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၄ နာရိအထိ ဟူလောင်းကျေးရွာအုပ်စု၊ ယောကွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုရပ်ပြုလုပ်ကာ ကွင်းဆင်းထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်၏ (၁၇)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကျင်းပ
Nov 15,2021
ဆားလင်းကြီးမြို့နယ်၏ (၁၇)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆားလင်းကြီးမြို့ပေါ်ရှိ ပဇ္ဖောတာရုံ ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ဆောင်ရွက်
Nov 15,2021
တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်အ​နာက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များ ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Nov 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၄၀ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိ နေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို လမ်းမတော်မြို့နယ်၊ အ.လ.က (၁)တွင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
တပ်ကုန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
Nov 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့‌ နံနက် ၁၀နာရီအချိန်က ကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။