သတင်းများ

ပင်လောင်းမြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံ ကိန်းရေးဆွဲရေးဆိုင်ရာများ ချပြရှင်းလင်း
Nov 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ထိ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် ငါးနှစ်ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ ချပြရှင်းလင်းခြင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ပေါင်းတည်မြို့၌ အားကစား အသိပညာပေး ဟောပြော
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနက ပြုလုပ်သည့် အားကစားအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အထက ပေါင်းတည် ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
“၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Nov 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် အသက်၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ် ကာကွယ်ဆေးထိုးနှံ‌ပေး
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အသက်၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက် တန်း ကျောင်းသား ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က (မြို့ပြင်) ကျောင်းနှင့် ဆေးထိုးစုရပ် နေရာများတွင် ထိုးနှံပေးခဲ့သည်။
မိုးကုတ်မြို့နယ်တွင် Mask အခမဲ့ပေးဝေခြင်းပြုလုပ်
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် Mask အခမဲ့ ပေးဝေခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က အောင်ချမ်းသာရပ်ရှိ ပတ္တမြားဈေးတွင် မြို့နယ် ကိုဗစ်ကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ဈေးရောင်းသူနှင့်ဈေးဝယ်သူများအား ပေးဝေခဲ့ကြောင်းသိရှိရပါသည်။
မင်္ဂလာဒုံမြို့နယ် ကျိုက္ကလော့ပရိယတ္တိစာသင်တိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက်တွင် ကထိန်သင်္ကန်း လှူဒါန်းပွဲကျင်းပ
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလော့ပရိယတ္တိစာသင်တိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်တွင် ယနေ့ နံနက်(၈)နာရီက န.ဝ.မ အကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Nov 15,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
သာယာဝတီမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံအေးကထိန်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပမည်
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်လုံးကျွတ် ဌာနဆိုင်ရာများ၊ မြို့သူ/ မြို့သားများနှင့် အလှူရှင်များက စုပေါင်းဆင်ယင်ကျင်းပမည့် မြို့နယ်လုံးကျွတ် စုပေါင်းမဟာ ဘုံအေးကထိန်ပွဲတော်ကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နိုဝင်ဘာလ ၁၈ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ (၁၈)ရက်နေ့တွင် ကျင်းပပြုသွားမည်ဖြစ်ကြောင်း သိရသည်။