လှိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ဆောင်ရွက်

လှိုင် နိုဝင်ဘာ ၁၅

တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်အ​နာက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် စာရေးဆရာမညွှန့်ညွှန့် (အငြိမ်းစားကျောင်းအုပ် ဆရာမကြီး) က အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ ကိုလိုနီပညာရေး  စနစ်မလိုလား၍   ရန်ကုန်တက္ကသိုလ်  အက်ဥပဒေကို တက္ကသိုလ်ကျောင်းသား များက သပိတ်မှောက်ဆန့်ကျင်ခဲ့ကြောင်းနှင့် ၁၉၂၀ ပြည့်နှစ် မြန်မာပြည်အရပ်ရပ်တွင် အမျိုးသား ကျောင်းများ ပေါ်ပေါက်လာပုံကို အသေးစိတ်ဟောပြောပေးသည်။ ထိုသို့ အသိပညာပေးဟောပြောပွဲ များ ဆောင်ရွက်ခြင်းသည်  မြန်မာ တစ်မျိုးသားလုံးအတွက် မမေ့သင့်၊ မမေ့ထိုက်သော နေ့ထူး၊ နေ့မြတ် များစွာ ရှိသကဲ့သို့ ယနေ့ခေတ် လူငယ်၊ လူရွယ်များမျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်  တိုင်းပြည်အတွက် အားထားရသည့် လူတော်၊ လူကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)