လမ်းမတော်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ

နိုဝင်ဘာလ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်ကလမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို စာရေးဆရာမ ညွန့်ညွန့် (အငြိမ်းစားကျောင်းအုပ်ကြီး)က အမျိုးသား အောင်ပွဲနေ့ ပေါ်ပေါက်လာပုံကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲကို Online မှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)