သတင်းများ

ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားသို့တက်ရောက် ဆုချီးမြှင့်ပြီး ပြည်ထောင်စု နေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲသို့ ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင်တေးဂီတပညာရှင်များနှင့် တွေ့ဆုံ
Nov 15,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်အားကစားနှင့် ဆက်ကော်မတီမှ ကြီးမှူးကျင်းပသည့် ဆောင်းရာသီ အားကစားပွဲတော်အထိမ်းအမှတ် ကလပ် အသင်းပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်‌ခေါ်ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေး‌ပွဲ အခမ်းအနားအား ယမန်နေ့ ‌နံနက် ၁၁ နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နောင်ရာ‌ဖူဆယ် ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ ၊ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဖူဆယ်အားကစား ဆပ်ကော်မတီမှ တာ၀န်ရှိသူများနှင့် အားကစားသမားများ တက်ရောက်သည်။
တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Nov 15,2021
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် တာချီလိတ်မြို့သို့ ရောက်ရှိပြီး ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်၊ မီနီဘတ်ဂျက် ပထမ(၃)လ အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ယမန်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကဝမြို့၌ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် ကြပ်မတ်စစ်ဆေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်း ကျဆင်းရေးအတွက် မြို့မဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်များနှင့် မုန့်မျိုးစုံ ရောင်းချနေသည့် ဈေးသည်များအနေဖြင့် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ရောင်းချရန် ကြပ်မတ်စစ်ဆေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက် (၇:၃၀)နာရီက မြို့မဈေးကြီးအတွင်း ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြား
Nov 15,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းအစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လမ်းညွန်မှာကြား ခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်​ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်​ရေး ကတ်ပြားများ ကွင်းဆင်း​ဆောင်ရွက်​ပေး
Nov 15,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့်​ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်​ရေး ကတ်ပြားများ ကွင်းဆင်း​ဆောင်ရွက်​ပေးခြင်းကို ယ​နေ့ မွန်းလွဲပိုင်းက အ​ခြေခံပညာအထက်တန်း​ကျောင်း အစည်းအ​ဝေးခန်းမ​ဆောင်တွင်​ ပြုလုပ်​ပေးခဲ့သည်။
မင်းပြားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Nov 15,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် အသက် ၈၀နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ နှင့်လှူဒါန်းပွဲ ကျင်းပ
Nov 15,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် TRI စေတနာ ကွန်ရက်အဖွဲ့၊ ဘိုးဘွားရိပ်သာ တည်ဆောက်ရေးအဖွဲ့နှင့် စေတနာအလှူရှင်များမှ စုပေါင်း၍ မြို့နယ်အတွင်းရှိ အသက် (၈၀) နှစ်နှင့်အထက် နွမ်းပါးသက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၉နာရီအချိန်တွင် သုံးခွမြို့နယ် ဘိုးဘွားရိပ်သာ၌ ပူ‌ဇော်ကန်တော့ပွဲနှင့် လှူဒါန်းပွဲကျင်းပကြောင်း သိရသည်။
သန်လျင်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Nov 15,2021
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဌက်ဖျားရောဂါအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။