ပန်ဆောင် နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပန်ဆောင်မြို့အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၄ နာရိအထိ ဟူလောင်းကျေးရွာအုပ်စု၊ ယောကွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုရပ်ပြုလုပ်ကာ ကွင်းဆင်းထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစာရေး ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိပြီး ကာကွယ်ဆေးထိုးရာတွင် ယောကွန်ကျေးရွာမှ ဒေသခံပြည်သူ (၉၀)ဦးတို့အား တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)