ဆားလင်းကြီး နိုဝင်ဘာ ၁၅
ဆားလင်းကြီးမြို့နယ်၏ (၁၇)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆားလင်းကြီးမြို့ပေါ်ရှိ ပဇ္ဖောတာရုံ ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်ကြသောဆရာတော်၊ သံဃာတော်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပဇ္ဖောတာရုံကျောင်းတိုက် ဆာရာတော် ဘဒ္ဒန္တဣနြ္ဒိယထံမှ ပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ပဇ္ဖောတာရုံ ကျောင်းတိုက်ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာယူခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်၏ (၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်ရာတွင် အလှူငွေနှင့် လှူဖွယ်၀တ္ထုပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် (၃၆)သိန်းကို ပဇ္ဖောတာရုံ ကျောင်းတိုက် ဆရာတော်နှင့် ပင့်သံဃာ(၂၇)ပါးတို့အား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဥမ္မာခိုင်