မရမ်းကုန်းမြို့နယ် သမိုင်းချောင်း ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်
Dec 01,2021
မြို့တော်သန့်ရှင်းသာယာ လှပသပ်ရပ်စေရေးနှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများက အမှတ်(၆) ရပ်ကွက်ရှိ သမိုင်းချောင်း ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်း ခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။