နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့အကြောင်း Talk Show ဆွေးနွေး ပွဲပြုလုပ်

နွားထိုးကြီး နိုဝင်ဘာ ၁၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသာအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်တွင် ပညာရေး မှူးရုံးမှ ဒုတိယပညာရေးမှူး ဦးမြင့်ကြိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသ မိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းလိုက်သော ရန်ကုန်ယူနီဗာစတီ အက်ဥပဒေပါ အချက်များ၊ ယူနီဗာ စတီအက် ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားများ အကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်