ဂန့်ဂေါခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဝန်ထမ်းမိသားစု စုပေါင်းဘုံကထိန်ပွဲတော်ကျင်းပ
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမိသားစု စုပေါင်း ပြုလုပ်သည့် ဆဌမအကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲတော်ကို ဝက်ချီပါကျေးရွာ ဘုန်းတော်ကြီး ကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ငွေပဒေသာပင် ဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် မြို့ခင်းသာတောင်း ကျောင်းတိုက်၌ ကျင်းပပြုလုပ် ခဲ့သည်။