ညောင်ဦး ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်အုပ်စုရှိကျေးရွာများ တွင် စပျစ်သီးနှံစမ်းသပ် စိုက်ပျိုးကြရာ အသီးသီးနှုန်း ကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူးရောင်းချ ချိန် ဈေးနှုန်း၊ ဈေးကွက်ကောင်းမွန်ဖို့သာ မျှော်လင့်နေကြောင်း သစ်ထောင့်တောင်ကျေးရွာ စပျစ်သီး နှံ တစ်ဧကခွဲစိုက်ပျိုးသည့် ဦးရန်နိုင်ထွန်းထံက သိရသည်။
စပျစ်သီးနှံသည် မြန်မာမျိုးရင်းစပျစ်မရှိဘဲ ပြည်ပနိုင်ငံမျိုးရင်းများသာရှိပြီး စပျစ်မျိုးပေါင်း (၄၀)ကျော်ရှိကြောင်း၊ ရေရှိသည့် ဒေသတိုင်းစပျစ်သီးနှံ စိုက်ပျိုး၍ရကြောင်း သိရပြီး စမ်းသပ် စိုက်ပျိုးသည့် ဒေသများတွင် ရာသီဥတုအဒဏ်ခံနိုင်သည့် အကြမ်းခံစပျစ်မျိုးများကိုသာ ဦးစားပေး စိုက်ပျိုးဖို့ မျိုးရွေးချယ်ပေးကြောင်း စပျစ်စိုက်ပျိုးမှု ကျွမ်းကျင်လာလျှင် ဈေးနှုန်းကောင်းမွန်သည့် မျိုးများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးနည်းများ မျှဝေပေကြောင်း မြန်မာနိုင်ငံအနှံ့အပြား စပျစ်စိုက် ပျိုးနည်း လက်တွေ့စိုက်ပျိုးနည်းမျှဝေပေးနေသည့် ရမည်းသင်းမြို့မှ ကိုမင်းဆက်ပိုင်က ရှင်းပြ သည်။
ကျွန်တော်စပျစ်သီးနှံ စတင်စိုက်ပျိုးရန်အတွက် စတင်စိုက်ပျိုးရန် ရမည်းသင်းမှ စပျစ်စိုက်ပျိုးရေး လိုက်လံမျှဝေပေးနေသည့် ကိုမင်းဆက်ပိုင်နှင့် စတင်ဆက်သွယ်ကာ အီတလီ နံပါတ်(၃)စပျစ်မျိုး အား ပြာသိုလတွင် စတင်စိုက်ပျိုးခဲ့ကြောင်း တစ်ပင်လျှင်ငါးရာကျပ်ပေးဝယ်ရကာ စိုက်ခင်း အရောက် ခုနှစ်ရာကျပ်ရှိခဲ့ကာ စတင်စိုက်ပျိုးခဲ့ကြောင်း စိုက်ခင်းပိုင်ရှင်ဦးလှငွေက ပြေကြားသည်။ ပျိုးပင်များအား တစ်ပင်နှင့် တစ်ပင် ခြောက်ပေအကွာ ကျင်းတူးစိုက်ပျိုးကြကြောင်း စတင်စိုက်ပျိုး သည့်လမှ ဆယ်လအကြာတွင် စတင်အသီးသီးကြောင်းသိရပြီး ပထမဆုံးသီးသည့် အချိန်တွင် စပျစ်ပင်တစ်ပင်မှ စပျစ်သီး ငါးပိသာခန့်သီးကြောင်း၊ သုံးနှစ်သားမှ ငါးနှစ်သားစပျစ်ပင်တစ်ပင်လျှင် စပျစ်သီးဆယ့်ငါး ပိဿာမှ ပိဿာနှစ်ဆယ်ထိသီးကြောင်း စမ်းသပ်စိုက်ပျိုးသည့် စပျစ်ခင်းပိုင်ရှင် များ အသီးသီးအား ကောင်းမွန်ခြင်းကြောင့် ဈေးနှုန်းကောင်းရန်သာ မျှော်လင့်နေကြကြောင်း သိရ သည်။
စပျစ်သီးနှံပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ကာ နှစ်နှစ်ဆယ်မှ နှစ်သုံးဆယ်ထိ သက်တမ်းကြာရှည်ပြီး တစ်သီးသီးပြီးတိုင်း စပျစ်ကိုင်းစပျစ်နွယ်များဖြတ်ပြီး ရောင်းချရကြောင်း၊ လေးလတစ်ကြိမ်အသီး ဆွတ်ခူးရကာ အသီးသီးစတင်ရင့်ချိန် ရေနိုင်နိုင်သွင်းရပြီး အသီးရင့်မှည့်ချိန်တွင်စတင်ဆွတ်ခူးရောင်း ချမည်ဖြစ်ကြောင်းသိရကာ စမ်းသပ်စိုက်ပျိုးမည့် စပျစ်စိုက်ပျိုးတောင်သူ ငါးဦးခန့်စိုက်ပျိုးနေပြီး ဖြစ်ကြောင်းသိရကာ စပျက်သီးဈေးနှုန်းတစ်နေရာနှင့်တစ်နေရာ၊ တစ်မြို့နှင့် တစ်မြို့ စပျစ်သီးမျိုးအ လိုက်လည်း ဈေးနှုန်းကွာခြားကြောင်း လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်တောင်ကျေးရွာ အုပ်စုကျေးရွာများတွင် BlackQueen(BQ) စပျစ်မျိုးနှင့် အီတလီနံပါတ်(၃)မျိုးနှစ်မျိုး စတင် စိုက်ပျိုးကြကာ စတင်စမ်းသပ်စိုက်ပျိုးသည့် နှစ်မှာပင် အသီးသီးနှုန်းကောင်းပြီး အောင်မြင်ဖြစ်ထွန်း နေခြင်းကြောင့် ဈေးကွက်ဈေးနှုန်းကောင်းရန်သာ မျှော်လင့်နေကြကြောင်း သိရသည်။
ကိုထိန်၊ KPD