သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာစပ်၊ ပန်းချီပြိုင်ပွဲကျင်းပ

သံတောင်ကြီး     ဖေဖော်ဝါရီ       ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာစပ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန် နေ့နံနက်(၁၀)နာရီ အချိန်က သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်နယ် အထကကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဘုရင့်နောင်တပ်နယ် အထကကျောင်းမှ ကျောင်းအုပ်ကြီးဗိုလ်ကြီးကျော်သူက (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ် စွမ်းရည် များဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို သိရှိလာစေရန်အတွက်  ရည်ရွယ်၍ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သံတောင်ကြီးမြို့ ဘုရင့်နောင် အထကကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများက ပြည်ထောင်စုပွဲဒို့ဆင်နွဲခေါင်းစဉ်ဖြင့် ကဗျာစပ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင် ကြပြီးပြိုင်ပွဲတွင် ဆုရကျောင်းသူ/ကျောင်းသားများအား ဖေဖော်ဝါရီလ (၁၂)ရက် စိန်ရတုပြည် ထောင်စုနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စောမင်းသား(ပြန်/ဆက်)