ဆွမ်ပရာဘွမ်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့ပေါ် ရပ်ကွက်များ၌​​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ညီညွတ်ခြင်းသည် အင်အားတိုင်းရင်းသားများ လက်တွဲထား ပြည်ထောင်စု၏ ပြည့်ခွန်အား၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့၊ (ဗိုလ်ချုပ်အောင်ဆန်း ၁၁-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်း ကောက်နုတ်ချက်) မှ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော် အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်မှ ရည်မှန်းချက်များ ပြည့်စုံအောင်၊ ပညာပေးစာသားပါ ပန်းချီပုံများ၊ ပြည်ထောင်စုသား ဒို့လက်များသည် ကဗျာ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ရင်းနှီးချစ်ကြည် တွဲလက်ညီ ပြည်ထောင်စုဘွား တိုင်းရင်းသားများဆောင်ပုဒ် စသည့်အကြောင်းအရာ ပြည့်စုံအောင်ပါရှိသော လက်ကမ်းစာစောင်ကို ဆွမ်ပရာဘွမ်မြို့ပေါ်ရှိ ရပ်ကွက် လမ်းဆုံ၊ လမ်းခွများ၊ စျေးဆိုင်များ၊ စားသောက်ဆိုင် များ​၊ အထကကျောင်းသွားလမ်းဆုံများ၌ ဖြန့်ဝေခဲ့သည်။

ဟင်နရီမီးကိုဆာ