ကျွန်းလှ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ရွှေကျွန်းမြေ အားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။
အဆိုပါ ဖူဆယ်ဘောလုံးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အဖွင့်အမှာစကားပြောကြားပြီး နှစ်ဖက်အားကစားသမား များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဘောလုံးပွဲကို ကွင်းအတွင်းဘောလုံးကန် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဌာနပေါင်းစုံ (က) အသင်းနှင့် (ခ) အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)