အထက်မင်းလှ ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်ကို ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ပြီး၊ လက်ကမ်းစာစောင်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ် ချက်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ် (၂၃) ဦးစာရင်း၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းစသည်တို့ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)