ပိုင်ကျုံ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် အနှစ်သာရတို့ သိရှိထိန်းသိမ်းတက်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)အချိန်က ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နော်ခူးခူးက စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲတွင် ပိုင်ကျုံမြို့ အ.မ.က ပိန္နဲတောကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၇)ဦးက “ပြည်ထောင်စုနေ့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ သက်မှတ်၍ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဆရာ၊ဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး