သတင်းများ

ညောင်ရွှေမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်
Feb 10,2022
အခြေခံပညာ ကျောင်းသားကျောင်းသူလေးများ အနုပညာကို စိတ်ပါဝင်းစားမှုရှိလာစေရန်၊ တီထွင်းဆန်းသစ်သည့် အတွေးအခေါ်များ ရင့်သန်လာစေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ကလေးစာဖတ်ခန်း ၌ ပြုလုပ်ခဲ့သည်။
ပင်းတယမြို့၌ တိုက်ပွဲရှောင်ပြည်သူများအား ရှမ်းပြည်နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့မှ ထောက်ပံ့ရေး ပစ္စည်းများ လာရောက်လှူဒါန်း
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း လာရောက်မှီခိုနေထိုင်သည့် ကယားပြည်နယ်မှ တိုက်ပွဲရှောင်ပြည်သူများအား
ဒီဇယ်၊ပရီမီယမ်ဒီဇယ်များအား တစ်ဂါလံကာလပေါက်စျေးအောက် ကျပ်တစ်ထောင်လျော့ ရောင်းချလျက်ရှိ
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကုန်စည်ပို့ဆောင်ရေးများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဒီဇယ်၊ ပရီမီယမ် ဒီဇယ်ဆီများကို တစ်ဂါလံကာလပေါက်စျေးအောက် ကျပ်တစ်ထောင်လျော့ချ၍ ဖေဖော်ဝါရီလ ၈ ရက်မှစတင် ရောင်းချ ပေးလျက်ရှိကြောင်း ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။
မိုးညှင်းမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ဖေဖောဝါရီ(၈)ရက်နေ့နှင့် (၉)ရက်နေ့ နံနက်ပိုင်းတွင် အောင်သပြေ(၁)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံ
Feb 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ အသက် ၅၀ နှစ်အထက် နိုင်ငံဝန်ထမ်းများနှင့်အသက် ၆၅ နှစ်အထက် ပြည်သူများကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) (Covaxin) ကိုထိုးနှံပေးခဲ့သည်။
(၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စု‌နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းမြို့နယ်အဆင့် ကျပန်းစကားပြာ ပြိုင်ပွဲကျင်းပ
Feb 10,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် ၉ နာရီချိန်က အခြေခံပညာအထက်တန်းမြို့နယ်အဆင့် ကျပန်းစကားပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာကျော်ခန်းမတွင် ကျင်းပကြပါသည်။
ကျိုင်းတောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Feb 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့အတွင်းရှိ စက်သုံးဆီရောင်းဝယ်ရေး ဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၈၁၆)ဦးရှိ
Feb 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ (၆၁၀)ဦးနှင့် အပြင်ဖြေဆိုသူ (၂၀၆)ဦး စုစုပေါင်း (၈၁၆)ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်း သိရသည်။