သတင်းများ

သံဖြူဇရပ်မြို့၌ စာရေးဆရာ လောကသစ္စာ၏ "ခြေတစ်လှမ်း၏ ထွက်ပေါက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Nov 14,2021
မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ   လောကသစ္စာရေးသားသည့် " ခြေတစ်လှမ်း၏ ထွက်ပေါက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟို ဌာန  (Community Centre ) ခန်းမ၌ ပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ်(၂၀)ရပ်ကွက်၌ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်
Nov 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများ သည် အမှတ်(၂၀)ရပ်ကွက် ရှိပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး
Nov 14,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာကျော်ထွန်း၊အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူနိုဝင်ဘာ(၁၂)ရက် နံနက်(၁၁)နာရီခွဲက လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့နယ်(ခွဲ) ဝမ်ကန်ရတနာမြေ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမ “ပန်းခင်း” စီမံချက်ဖြင့် ဟိုခိုက်ကျေးရွာအုပ်စု ပါလိတ်ကျေးရွာ၊ အောင်မင်္ဂလာသိဒ္ဓိဘုန်းတော်ကြီး ပညာသင် အလယ်တန်းပညာကျောင်း ကျေင်းသား(၂၅)ဦး၊ ကျောင်းသူ(၂၇)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး ကြကြောင်းသိရသည်။
မြန်မာနိုင်ငံသို့မလေးရှားနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားများကိုထောက်ကြန့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးစခန်းတွင်swabယူစစ်ဆေး
Nov 14,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းလျှော့ချရေး စုပေါင်းအဖွဲ့မှမြန်မာနိုင်ငံအတွင်းသို့ မလေးရှားမှလေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အပြည်ပြည် ဆိုင်ရာမင်္ဂလာဒုံလေဆိပ်တွင်ယမန်နေ့ညပိုင်းကမြို့နယ်ကြက်ခြေနီအရေးပေါ်ကားများဖြင့်ကြိုဆိုပြီးမင်္ဂလာဒုံမြို့နယ်ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင်ဖွင့်လှစ်ထားသည့်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစခန်းတွင်ထားရှိ၍ ယနေ့နံနက်(၁၀)နာရီက ပြည်တော်ပြန် အမျိုးသား(၉၁)ဦး၊အမျိုးသမီး(၂၃)ဦးစုစုပေါင်း(၁၁၄)ဦးတို့ကို RDT Test Kitဖြင့်နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီးကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိကျန်းမာရေး ဝန်ထမ်း များနှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။
ဆီဆိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းဖွင့်လှစ်
Nov 14,2021
ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တက်လာစေရန်၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက် လာစေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်ရှမ်းပြည် နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်းဖွင့်ပွဲကို နောင်ကျောကျေးရွာ အုပ်စု၊ ဘုရားဖြူ ကျေးရွာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့တွင် ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှမတ်လထိ)(၆)လဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်
Nov 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   လောက်ကိုင်မြို့တွင်  ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှမတ်လထိ)(၆)လဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၂ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်တလုံးကြီးမြို့၊ဆောင်းဖိုးကျေးရွာ၌အသက်(၄၅)နှစ်နှင့်အထက်ပြည်သူများနှင့်ဦးတည်အုပ်စု အလိုက်ပထမအကြိမ်ကိုCovid-19ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Nov 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ဆောင်းဖိုးကျေးရွာ၌အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုအလိုက်ပြည်သူများအား ပထမအကြိမ်Covid-19 ရောဂါကာကွယ်ဆေး (Sinopharm)ကိုယမန်နေ့နံနက်၉ရီမှ စတင်၍ဆောင်းဖိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ထိုးနှံပေး လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဧကာဒသမကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားသို့တက်ရောက်
Nov 14,2021
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဧကာဒသမအကြိမ်မြောက်စုပေါင်း မဟာဘုံ ကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊လောကမာရဇိန် ဘုရားကြီးဓမ္မာရုံ၌ကျင်းပရာရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက မြတ်စွာ ဘုရားရှင်တော်မြတ်အား ရွှေကြာသင်္ကန်း နှင့်ပန်း၊ ရေချမ်း၊ ဆီမီးများအားဆက်ကပ်လှူဒါန်းပူဇော်သည်။