ညောင်ရွှေမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

ညောင်ရွှေ  ဖေဖော်ဝါရီ  ၁၀

အခြေခံပညာ ကျောင်းသားကျောင်းသူလေးများ အနုပညာကို စိတ်ပါဝင်းစားမှုရှိလာစေရန်၊ တီထွင်းဆန်းသစ်သည့် အတွေးအခေါ်များ ရင့်သန်လာစေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ကလေးစာဖတ်ခန်း ၌ ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကျင်းပနေစဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက် အကြောင်းအရင်းနှင့် ဆုရွေးချယ်မှုစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများကို မြို့နယ်ဦးစီးမှူးနှင့် ပညာရေးဌာနမှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများအား မေတ္တာ လက်ဆောင်များ ဝေငှပေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ