မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် U23 အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကြို့ပင်ကောက်  ဖေဖော်ဝါရီ  ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီတာလေးရာ ပြည်သူ့ အားကစားကွင်းတွင် မြို့နယ်အးကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် U23 အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ္စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့်းပြိုင်ပွဲတွင် ရပ်ကွက်ကျေးရွာအုပ်စု အသင်း ၁၇ သင်းအားလေးအုပ်စုခွဲကာ ယှဉ်ပြိုင်စကားသွားမည်ဖြစ်ကြောင်း ကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ဖြင့် သန့်သန့်ရှင်းရှင်း အချင်းချင်းစည်းစည်းလုံးလုံးကစားသွားကြရန် အကောင်းဆုံးအားကစားသမားဆု၊ အသန့်ရှင်းဆုံးအသင်းဆုများကိုလည်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သာယာဝတီခရိုင် အားကာစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးသန်းဇော်ဦးမှ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးမှ လက်ခံရယူခဲ့သည်။

U23 အမျိုးသားဘောလုံးအားကစားဖွင့်ပွဲ  ပထမဆုံးနေတွင် ကျောက်ဝကျေးရွာအုပ်စုအသင်းနှင့် ရုံးချောင်းကျေးရွာအုပ်စုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျောက်ဝကျေးရွာအုပ်စု အသင်းက ၂ ဂိုး ရုံးချောင်ကျေးရွာအုပ်စုအသင်းက ဂိုးမရရှိဘဲ ကျောက်ဝကျေးရွာအုပ်စု အသင်းကအနိုင်ရရှိသွားကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)