မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ 

အထက်မင်းလှ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပုံပြောပြိုင်ပွဲတွင် မင်းလှမြို့နယ် မလွန်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လွင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု‌နေ့ အထိမ်းအမှတ်အကြို မူလတန်း အဆင့် ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းမှာ ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှု လေ့လာပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီးပြိုင်ပွဲကို စတင်ခဲ့သည်။

မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့်ပုံပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။        

ဇာဇာ(အထက်မင်းလှ)