မူဆယ် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင် ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများကို တစ်ဦး ချင်း မိတ်ဆက်စေခဲ့ပြီး ပြည်ထောင်စုနေ့ သမိုင်းကြောင်းဖြစ်ပေါ်လာပုံကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား/သူများ အသိပညာ ဗဟုသုတရစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ညဏ်စမ်းပဟေဠိပြိုင်ပွဲများပြုလုပ်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးနှင့် ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဖြိုးတို့က ဆုများကို ချီးမြင့််ခဲ့ကြသည်။ ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင် အသိပညာပေးတွင် ပြသ ထားသော ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူများ၊ သမိုင်းဝင်ပင်လုံစာချုပ်၊ ပြည်ထောင်စုနေ့ အတွေးအခေါ်များနှင့် စာအုပ်စာစောင်ပြပွဲများထဲမှ ထင်ရှားကျော်ကြားသော စာရေးဆရာကြီး များ၏ စာအုပ်များ၊ စာပေဗိမာန်စာအုပ်များ၊ ကလေးအကြိုက် ရွှေသွေးစာစောင်များ၊ ပုံပြင် စာအုပ်များနှင့် ရုပ်ပြစာအုပ်ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ ကြောင်း သိရသည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် တက်ရောက် လာသော ကျောင်းသား/ ကျောင်းသူများကို ပြည်ထောင်စုနေ့နှင့် ပက်သက်သည့် လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)