ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကလိန်အောင် ဖေဖော်ဝါရီ ၁၁

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ကလိန်အောင်မြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်နှင့် ရုပ်သံကျွမ်းကျင် (၃) ဒေါ်ခင်ခင်လဲ့တို့က တိုင်းရင်းသား လူမျိုးများ အေးအတူ ပူအမျှအတူတကွ စုပေါင်းနေထိုင်လာခဲ့သည်ကို ပြည်ထောင်စုမြန်မာနိုင်ငံဟုသတ်မှတ်ပြီး မြန်မာ နိုင်ငံအပေါ် နယ်ချဲ့တိုင်းတပါးများက မတရားခြယ်လှယ်သိမ်းပိုက်ခဲ့ကြပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား များကို စိတ်ဝမ်းကွဲပြားအောင် သွေးခွဲအုပ်ချုပ်မှုစနစ် ကျင့်သုံးလာခဲ့ကြောင်း၊ သို့သော် ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် စည်းလုံးမှုလျော့မသွားဘဲ ညီညွတ်အားဖြင့် ပြည်ထောင်စုကြီးကို ကယ်တင်လို သည့်ဆန္ဒဖြင့် ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ၁၉၄၇ ခုနှစ်၊  ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် တိုင်းရင်းသားလူမျိုး အသီးသီး၏ စည်းလုံးမှုအားကို ပြဆိုခဲ့သည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ အဆိုပါနေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီ ဖြစ်ပါ ကြောင်း စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့သည်။

ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် We Love Kalainaung Online Page တွင်လည်း ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင်