ပုလောမြို့နယ်၌  မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြိုကျောင်း၌ ကလေးများ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်   ဖေဖော်ဝါရီ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ် လူမှုဝန်ထမ်းဦစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူလတန်းကြိုကျောင်းတွင် ကလေးများ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ   ၁၁ ရက် နံနက် ၉  နာရီ ခွဲက  ကျင်းပခဲ့သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်မောင်စိုး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ ၊ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး၊ မူကြို ကျောင်းသား/ ကျောင်းသူများက ပြည်ထောင်စုပွဲ၊ ဗိုလ်တေဇ၊ လိပ်ပြာလေး ၊ ဂုဏ်ပြုကြစို့၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဝက်ကလေး၊ မဖြူစင် ကဗျာနှင့် မူကြိုတေးသီချင်းများဖြင့် တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် အရောင်ရွေးပြိုင်ပွဲ၊ ရေဘူးဖြည့်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ခေါင်းအုံရွက် ပြိုင်ပွဲ ၊ အင်္ကျီ ကြယ်သီးတပ်၊ ကြက်ဥ ကောက်ပြိုင်ပွဲ၊ ဘောလုံးသယ်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ နှင့် ပန်းချီးပြိုင်ပွဲ စသည့် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၂) ဆွတ်ခူးရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အေးအေးမော် (ပုလော)