အလုံ ဖေဖော်ဝါရီ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အတွင်းရှိ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဖြင့် အသားများဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏စီစဥ်မှုဖြင့် ယမန်နေ့နေ့နံနက်(၈း၀၀)နာရီအချိန်က ဌာနာရပ်ကွက် အလုံမြို့နယ်ခန်းမရှေ့တွင် ဆန်/ဆီ/ ကြက်ဥနှင့် အသား/ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။
ထို့သို့ရောင်းချပေးခဲ့ရာတွင် ပေါ်ဆန်း (၅)ပြည်တစ်အိတ် ၈၅၀၀ကျပ် ၊ ဇီရာရက်(၉၀)ဆန် (၅)ပြည်တစ်အိတ် ၅၀၀၀ကျပ်၊ ဆီ ၅၀သား ၁၈၅၀ကျပ်၊ ကြက်ဥ (၁၀)လုံးတစ်ကဒ် ၁၁၀၀ကျပ်၊ ကြက်တစ်ပိဿာ(၄၅၀၀)၊ ဆိတ်သားသားတစ်ပိဿာ(၁၇၀၀ဝိ)၊ အရိုးအသားတစ်ပိဿာ(၁၂၀၀ဝိ)၊ ကလီစာတစ်ပိဿာ(၉၀၀ဝိ)၊ အမဲတစ်ပိဿာ(၁၂၀၀ဝိ)၊ ဝက်သားအဆီအသားတစ်ပိဿာ(၁၀၀၀၀)၊ ဝက်သားလှိုင်းသား/အသားရှယ် တစ်ပိဿာ(၁၂၀၀၀)၊ နံရိုးတစ်ပိဿာ(၉၀၀ဝိ)ကျပ်၊ ငါးတစ်ပိဿာ(၆၆၀၀)၊ ပုစွန်တစ်ပိဿာ(၁၂၀၀၀)ကျပ် နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။
အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာ ယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်၊၊
မြို့နယ် ပြန်/ဆက်