မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား သ၀ဏ်လွှာဖတ်ကြားပွဲ ကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လွတ်လပ်ရေးပန်းခြံ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းထက်မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများတက်ရောက်၍ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလေးပြုခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ကဖတ်ကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် သင်ထောက်ကူပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော ကျောင်း‌သားကျောင်းသူများနှင့် အထက၊ အထက(ခွဲ) ကျောင်းများအား တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)