ကွမ်းလုံ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ယမန်နေ့နံနက်(၅)နာရီ မိနစ်(၃၀)အချိန်က (၇၅)နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ပြည်ထောင်စု ကျောက်တိုင်တွင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုရဲတပ်ဖွဲ့က နိုင်ငံတော်အလံအား လွင့်ထူခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက နိုင်ငံတော်အလံအားအလေးပြုခဲ့ကြသည်။
ထို့နောက် နံနက်(၇)နာရီ မိနစ်(၄၀)အချိန်တွင် ကွမ်းလုံမြို့ သံလွင်ဦးခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ထို့နောက် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး/ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဆုရအားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခန်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေး မှုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးမှ ဝန်ထမ်းများက တက်ရောက်လာသူများကို (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)