ကျောင်းကုန်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု‌နေ့ အခမ်းအနားကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၁၃  

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မီတာ(၄၀၀)အား ကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး၊ နံနက် ၇ နာရီ ၄၀ မိနစ် အချိန်တွင် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုပြီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က ဖတ်ကြားခဲ့သည်။

ထို့နောက် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ ဗျိုက်ကျေးရွာအုပ်စုမှ ကရင်တိုင်းရင်းသားရိုးရာ အကဖြင့် ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)