ခင်ဦး ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးညီညီဦး က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကင်းပြစ်ကျေးရွာနှင့် အင်ကြင်းပင်ကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများထံ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) စီနှင့် ကျေးရွာဖွွံ့ဖြိုးတိုးတက်ရေး လက်စွဲစာအုပ်များ၊ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်း မှတ်စုစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)