မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာရှိ အဘိုး/အဘွားများ၏ ကျန်းမာရေးအခြေအနေများအား ကြည့်ရှု

မကွေး   ဒီဇင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် () နာရီအချိန် က မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာရှိ အဘိုး/အဘွားများ၏ ကျန်းမာရေး အခြေအနေများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဖန်ခါးမြေ ဘိုးဘွားရိပ်သာရှိ အဘိုး/အဘွားများ၏ ကျန်းမာရေးအခြေအနေများ၊ အဘိုး/အဘွားအိပ်ဆောင်များ၏ ကြံခိုင်မှုအခြေအနေ၊ အဘိုး/အဘွားများ၏ ထမင်းစားဆောင် သန့်ရှင်းသပ်ရပ်မှု၊ ဘုရားရှိခိုးဆောင် များအား ကြည့်ရှုခဲ့ပြီးနောက် အဘိုး/အဘွားများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး၊  အဘိုး/အဘွားများ၏ ကျန်းမာရေးအခြေအနေအား အမြဲတမ်း ကြည့်ရှုစစ်ဆေးပေးပြီး လိုအပ်သည့် ဆေးဝါးများ ပြည့်စုံမှုရှိစေရေးနှင့် ဆောင်းရာသီရောက်ရှိပြီဖြစ်၍ အဘိုး/အဘွားများ နွေးထွေးစွာ နေထိုင်နိုင်ရေးတို့ဆောင်ရွက်ထားရှိရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)