ထားဝယ် ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇ /၂၀၂၁)အစည်းအဝေးကို ယမန်နေ့ နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ဒေသတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုသည်ရင်းနှီးမြှုပ်နှံမှုက အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများပြားလာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှု ပိုမိုများပြားလာပြီးဒေသ၌ရှိသော ပြည်သူ များ သုံးစွဲမှုဝင်ငွေပမာဏများလာကြောင်း၊ တိုင်းဒေသကြီး သည်ပင်လယ်နှင့် နီးသောနေရာဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများ ပြားလာနိုင်ကြောင်း၊ တိုင်းဒေသကြီး တွင်လျှပ်စစ်ကဏ္ဍအားနည်းနေသော်လည်း ရင်းနှီးမြှုပ်နှံမှုနေရာတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေ ဖြင့်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မကြာခင်ကာလအတွင်းတိုင်းဒေသကြီးတွင်လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ အသေးစား၊ အလတ်စားပေါ်ပေါက်လာပြီးရင်းနှီးမြှုပ်နှံမှုဖြစ်လာအောင် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလာရောက်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကူညီရန်အဆင်သင့်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူ အနေဖြင့်လည်း မြန်ဆန်စွာဖြင့် လုပ်ငန်းများ လည်ပတ်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအား နိုင်ငံတကာ အဆင့် မီအောင်၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်အောင် ကော်မတီများအနေဖြင့် ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)ကြိမ် မြောက်အစည်းအဝေး တွင်ခွင့်ပြုပေးခဲ့သည့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် Myanmar Beach Hotel Co., Ltd. ကိုအတည်ပြုမိန့် ပေးအပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် KentoTrading Co., Ltd. က ကွင်းအမှတ်(၁၈/oss)၊ အမြားကြေးတိုင်ပြင်ကွင်း၊ အမြားကျေးရွာအုပ်စု ထားဝယ်မြို့၊ ထားဝယ်ခရိုင်၊ တနင်္သာရီ တိုင်းဒေသကြီးရှိမြေဧရိယာစုစုပေါင်း ၁၀ ဧကတွင်ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန်အတည်ပြုလျှောက်ထားလွှာနှင့်ကွင်းအမှတ်(၁/oss)၊ စူငယ်စနန်းငင်းကြေးတိုင်ပြင်ကွင်း၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ကော့သောင်း မြို့၊ ကော့သောင်း ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧရိယာစုစုပေါင်း ၉ဧကတွင် ဟိုတယ်နှင့်ဆက်စပ် ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြလာခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီဝင်များ ကလိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ကြပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)