ပေါင်မြို့နယ်၊ မုတ္တမကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေး

ပေါင်  ဒီဇင်ဘာ  ၂၁  

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့နံနက်ပိုင်း က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် က မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့်အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အသက် ၁၀ နှစ်ပြည့် (၄၅)ခု၊ အသက် ၁၈ နှစ်ပြည့် (၆၁)ခု၊ လဲလှယ်ကတ် (၁)ခု စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၁၀၇)တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှူ့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)