မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာတွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

မေတ္တာ   ဒီဇင်ဘာ  ၂၂

ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့၊ နံနက်(၉)နာရီအချိန်ခန့်တွင် မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်းခန်းမ တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင် ချိန်ပေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေးအခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေတ္တာမြို့၊  မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက အနီးကပ်ကြီးကြပ်ကာ မြေးခံဘော်ကျေးရွာရပ်မိရပ်ဖများ၊ မြေးခံဘော် ကျေးရွာလူမှုကူညီရေး အဖွဲ့တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နန်းခလိုက်(မေတ္တာ)