သရက် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့်ပူပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေ က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အောင်ပွဲ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြီး ရုံးရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၆) ဦးက စကားပုံဆက်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပြီး သရက်မြို့၏ အထင်ကရနေရာများ၊ မှတ်တမ်းဝင်အဆောက်အဦများနှင့် တန်ခိုးကြီးဘုရားစေတီ ပန်းချီကားများအား ကျောင်းသား ကျောင်းသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)