ပုသိမ်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

ပုသိမ် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ပုသိမ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေန့နံနက် (၇:၃၀)မှစတင်ပြီး ပုသိမ်မြို့ အမှတ်()..က ကျောင်းနှင့် အ..က.() ကျောင်းများတွင် အားကစား ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ အားကစားလှုပ်ရှားမှုများ ပြုလုပ် လျက်ရှိကြကြောင်း သိရသည်။ 

ပုသိမ်မြို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်စည်းတိုးပြိုင်ပွဲကို ပုသိမ်မြို့ပေါ် ရှိ ကျောင်းများမှ အသင်းပေါင်း(၁၃)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမှတ်()အခြေခံပညာအထက်တန်း ကျောင်းတွင် ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းများမှ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပရာ ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ လွတ်လပ်ရေးရရှိသည့် အထိမ်းအမှတ်အနေဖြင့် လွတ်လပ်ရေးအမွေထိန်းသိမ်းစို့လေ/ လွတ်လပ်ရေးနေ့တို့မမေ့/ လွတ်လပ်ရေးသည်သာတို့ဝန်တာ အစရှိ သောခေါင်းစဉ်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခဲ့ကြရာ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများ စိတ်ဝင်စားစွာ နားဆင်ခဲ့ကြသည်။ ကျပန်းစကားပြောပြိုင်ပွဲတွင် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အဖွဲ့ပေါင်း(၁၁)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများနှင့်ပတ်သက်၍ ကျောင်းသား/သူများအနေဖြင့် စိတ်ဖိစီးမှုများပပျောက်စေ ရန်နှင့် အသိညာဏ်ပညာများ တိုးပွားကြစေရန်နှင့်ကိုယ်လက်ကျန်းမာရေးအတွက် တိုင်းဒေသကြီးပညာရေး မှူးရုံးမှ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကာ ကျောင်းသား/သူများ၏ မိဘများ စိတ်ချမ်းမြေ့ပျော်ရွှင်စေရေးတို့ အတွက် ယခုလိုပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ပြိုင်ပွဲများအပြီးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးတွင် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပုသိမ်ခရိုင်(ပြန်/ဆက်)