ညောင်ဦး ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်းရှိ ဒေသခံပြည်သူများ ဘုရား၊ ကျောင်းကန်များတွင် ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံကသိရ သည်။
ညောင်ဦးမြို့ပေါ်လမ်းမများတွင် ဒေသခံပြည်သူများ ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသည့်နေရာများတွင်လည်း ယနေ့တစ်ရက်ထဲ ၁၂၀၀ ဦး လာရောက်ထိုးနှံကြကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးသည့် ရွှေစည်းခုံဘုရား ဝေဇယန္တာ ဓမ္မဗိမာန်တော်ကြီးတွင် လည်းကောင်း၊ ပုဂံမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် လည်းကောင်း၊ စဉ့်ကူးနယ်မြေ၊ အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ တောင်ဇင်း အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ငါ့သရောက်မြို့ တိုက်နယ်ပြည်သူ့ ဆေးရုံတွင် လည်းကောင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံလျက်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်နေ ့ယနေ့တစ်ရက်တည်းတွင် ၁၂၀၀ ဦး လာရောက်ထိုးနှံကြကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ယွန်းဝတီ